THE  SALWEEN  INSTITUTE
  • Home
  • Who we are
  • What we do
    • Analyses & Reports
    • Empowerment
    • Advisory Services
  • Partner with SI
    • Our Programs
    • Our Approach
    • Partnership Model
  • Publication
  • Contact Us
  • Join SI
The Salween Institute blends objective analysis and hands-on community empowerment programs to frame policy debate and help shape public policy in Burma/Myanmar based on social justice, environmental responsibilities and ethnic right to self-determination.

Strategies to Promote Gender Equality

Policy Paper by the Salween Institute for Public Policy in Partnership with the Women's League of Burma
January 2018


This paper has been written in order to support efforts to increase women’s participation in negotiations for a cease-fire agreement, political negotiations, and legislative and administrative processes. We hope to promote gender equality through more women’s participation in the political decision-making process, starting with raising awareness about gender.

Download the PDF to read the full report in English here.
"ကျားမတန်းတူရေး မြှင့်တင်ခြင်းဆိုင်ရာ မဟာဗျူဟာများ မူဝါဒရေးရာ စာတမ်း” ကို The Salween Institute for Public Policy နှင့် Women's League of Burma (WLB) တို့မှ ပူးတွဲပြုစုသည်။


“ပညာတတ်အမျိုးသမီးဦးရေ နည်းပါးနေ၍၊ အရည်အချင်းရှိသည့် အမျိုးသမီးများ နည်းပါးနေခြင်းဖြစ်သည်ဆိုသည့် ထင်မြင်ယူဆချက်သည် တိကျမှန်ကန်မှု၊ တာဝန်ခံမှုမရှိသည့် ကျဉ်းမြောင်းသည့် ထင်မြင် ယူဆချက်ဖြစ်သည်။”

စာတမ်းအနှစ်ချုပ်

ဤစာတမ်း၏ ပထမအပိုင်း တွင် နိုင်ငံရေးနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းများတွင် အဘယ်ကြောင့် အမျိုးသမီးများ ပိုမိုပါဝင်လာ သင့်သည်။ ထိုသို့ပါဝင်လာခြင်းဖြင့် မည်ကဲ့သို့သော အကျိုးရလဒ်များ ရရှိလာနိုင်မည်တို့ကို စုစည်းတင်ပြထားသည်။

ဒုတိယ အပိုင်း တွင် အမျိုးသမီးများ နိုင်ငံရေး ကဏ္ဍအသီးသီးတွင် ပိုမိုပါဝင်လာစေရန် ဟန့်တားနေသည့် အခြေအနေများကို သုံးသပ် တင်ပြ၍ ထိုအခြေအနေများကို မည်ကဲ့သို့သော နည်းလမ်းများ ဖြင့် ပြုပြင်ပြောင်းလဲသွားသင့်သည် တို့ကို ဆွေးနွေးတင်ပြထား သည်။

Picture
Download the PDF to read the full report on Promoting Gender Equality in Myanmar: Policies and Strategies
တတိယအပိုင်း တွင်မူ အမျိုးသမီးများ နိုင်ငံရေး ကဏ္ဍအသီးသီးနှင့် အဆင့်ဆင့်တိုင်းတွင် ပိုမိုပါဝင်လာစေရန်နှင့် ကျားမ တန်းတူရေးများကို ပိုမို ထိရောက်စွာ အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်စေရန် အခြားနိုင်ငံများတွင် ကျင့်သုံးနေသည့် နည်းဗျူဟာများ၊ ယန္တရားများကို မိတ်ဆက်တင်ပြထားပါသည်။

ဤစာတမ်း၏ နောက်ဆုံး အပိုင်း ကို အစိုးရဌာနများ၊ အဖွဲ့အစည်း များ၊ အသင်းအဖွဲ့များနှင့် အသိုင်းအဝိုင်းများအသီးသီးတို့အနေဖြင့် ကျားမတန်းတူရေး ကိစ္စများကို မည်ကဲ့သို့ ဝိုင်းဝန်းအကောင်အထည်ဖေါ် လုပ်ဆောင်သွားသင့်သည်ဆိုသည့် အကြံပြုချက်များဖြင့် အဆုံးသပ် တင်ပြထားပါသည်။

လက်ရှိ ကျားမတန်းတူရေးဆိုင်ရာ အခြေအနေများကို ပိုမိုနားလည်သဘောပေါက်၍ ငြိမ်းချမ်းရေးဖြစ်စဉ် အတွင်း အမျိုးသမီးများ ၏အခန်းကဏ္ဍ မြင့်တင်ရေး လုပ်ဆောင်နေသည့်သူများအတွက် မူဝါဒရေးရာရှင်းလင်းချက်အဖြစ် အသုံးပြုနိုင်ရန်၊ ကျားမတန်းတူ ရေးကို အစဉ်တစိုက်လေးစားလိုက်နာသည့် မူဝါဒများ စဉ်းစားသုံးသပ်ခြင်းများအတွက် အထောက်အကူပြုရန် ရည်ရွယ်ချက်တို့ ဖြင့် ဤစာတမ်းကို ပြုစုရေးသား ထုတ်ဝေပါသည်။

Powered by Create your own unique website with customizable templates.